www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 8, 2013

မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် တင်ဒါခေါ်ယူမှုတွင် ကုမ္ပဏီ အရေအတွက် ကန့်သတ် ထားခြင်းမရှိကြောင်း သိရ


ရန်ကုန် ၊ ၈-၁၀-၂၀၁၃

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ်များ တင်ဒါ ခေါ်ယူမှုတွင် ကုမ္ပဏီ အရေအတွက် ကန့်သတ် ထားခြင်း မရှိသော်လည်း တင်ဒါ ရွေးချယ်ရာ၌ စည်းကမ်းချက် များနှင့်အညီ ခေါ်ယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ခေါ်ယူမှု၌ ဈေးနှုန်း သက်သာစွာဖြင့် လုပ်ကိုင် နိုင်သူများ ကိုသာ အဓိကထား ခေါ်ယူမည် ဖြစ်ပြီး ယင်းအတွက် ပြည်သူများ အဆင်ပြေစွာ ၀ယ်ယူ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၊ တင်ဒါ စိစစ် ရွေးချယ်ရေး ကော်မတီမှ စနစ်တကျ ရွေးချယ် သွားမည် ဖြစ်ရာ ၄င်းလုပ်ငန်း များအတွက် အကျိုးတူ ပူးပေါင်း ဆောင်ရွက် လိုသော မည်သည့် ကုမ္ပဏီ မဆို တင်ဒါ လျှောက်ထား နိုင်ကြောင်း သိရသည်။

" မည်သည့် ကုမ္ပဏီ မဆို လျှောက်ထား ခွင့်ပြု ပါတယ် ၊ တင်ဒါ စည်းကမ်း ချက်တွေကို လိုက်နာတဲ့ ကုမ္ပဏီ တွေ ဖြစ်ရမယ် ၊ ပြည်သူတွေနဲ့ အဆင်ပြေ နိုင်မယ့် ကုမ္ပဏီ တွေကို ရွေးချယ် သွားမယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ငွေဖြည့်ကတ် များ ရိုက်နှိပ် ထုတ်ခြင်း နှင့် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ အတွက် ပြည်တွင်း ကုမ္ပဏီ များနှင့် ပူးပေါင်း ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူခြင်းကို စက်တင်ဘာလ ၃၀ ရက်က စတင် ခေါ်ယူခဲ့ကြောင်း ၊ စိတ်ပါ ၀င်စားသော ကုမ္ပဏီများ အနေဖြင့် အောက်တိုဘာလ ၁၄ ရက် နောက်ဆုံးထား လျှောက်ထား ရမည် ဖြစ်ကြောင်း ၊ တင်ဒါ ပုံစံနှင့် အသေးစိတ် အချက်အလက် များကို ငွေကျပ် ငါးထောင်နှုန်း ဖြင့် ၀ယ်ယူ ခွင့်ပြု ထားကြောင်း သိရသည်။


လက်ရှိတွင် မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း Elite ကုမ္ပဏီနှင့် MEC တို့ လုပ်ကိုင်လျက် ရှိကြောင်း ၊ ပြည်တွင်း ဈေးကွက်၌ ငွေဖြည့်ကတ် ငွေကျပ် သုံးသောင်း ၊ ငွေကျပ် တစ်သောင်း နှင့် ငွေကျပ် ငါးထောင်တန် ငွေဖြည့်ကတ် များ ဖြန့်ဖြူး ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger