www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 8, 2013

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် ပတ်သက်၍ အချက်အလက် များအား ၀က်ဘ်ဆိုက် လေးခုတွင် လေ့လာနိုင်



ရန်ကုန် ၊ ၈-၁၀-၂၀၁၃

လာမည့် ဒီဇင်ဘာလ အတွင်း ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ နှင့် ပတ်သက်၍ သိရှိ လိုသော အချက်အလက် များကို ၀က်ဘ်ဆိုက် လေးခုတွင် လေ့လာ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အဆိုပါ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ နှင့် ပတ်သက်၍ ၀က်ဘ်ဆိုက် လေးခု ထုတ်လွှင့် ထားပြီး အဆိုပါ ၀က်ဘ်ဆိုက် လေးခုမှာ www.27seagames2013.com , www.myasoc.org , www.myasoc.com.mm နှင့် www.mosports.gov.mm တို့ ဖြစ်ကြောင်း သိရသည်။


ဆီးဂိမ်း နှင့် ပတ်သက်၍ သိရှိ လိုသော အချက် အလက်များကို အဆိုပါ ၀က်ဘ်ဆိုက် များတွင် ၀င်ရောက် ကြည့်ရှု နိုင်မည် ဖြစ်သည်။ အဆိုပါ အားကစား ပြိုင်ပွဲကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် ပုသိမ် တို့၌ အားကစားနည်း ၃၃ မျိုး ပါဝင်မည် ဖြစ်ပြီး ၄င်း အားကစား နည်းများကို သက်ဆိုင်ရာ နေရာအလိုက် ခွဲ၍ ကျင်းပ သွားမည် ဖြစ်ကြောင်း နှင့် ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်မှ ၂၂ ရက်နေ့ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger