www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 9, 2013

ပြည်သူ့ရင်ပြင် အတွင်း ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားစေရေး CCTV ကင်မရာ များနှင့် လုံခြုံရေးများ ချထား


ရန်ကုန် ၊ ၉-၉-၂၀၁၃

ရန်ကုန်မြို့ရှိ အများပြည်သူ လေ့လာ အပန်းဖြေရာ ပြည်သူ့ရင်ပြင် အတွင်း ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားစေရေး အတွက် CCTV ကင်မရာ ၂၈ လုံးနှင့် လုံခြုံရေး နေ့ဆိုင်း ညဆိုင်းထားပြီး အများပြည်သူ ဘေးအန္တရာယ် ကင်းစွာ အပန်းဖြေ နိုင်ရန် ဆောင်ရွက် ထားရှိကြောင်း မြေနေရာ ၇ဝ ရာခိုင်နှုန်းကို နှစ်ရှည် ငှားရမ်းလုပ်ကိုင် ခွင့်ရရှိထား သည့် သဘာဝကမ္ဘာ ( Natural World ) ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဥယျာဉ်နှင့် ပတ်သက်၍ မကြာသေးမီက facebook ၊ အင်တာနက် စာမျက်နှာ များ၌ ထွက်ပေါ်ခဲ့သော သတင်းများမှာ ကောလာဟလ သာဖြစ်ကြောင်း ၊ ယင်းနှင့် ပတ်သက်ပြီး မိမိတို့ ကုမ္ပဏီ အနေဖြင့် ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင် ထားခြင်းကြောင့် ထင်ယောင် ထင်မှား ဖြစ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ " အပန်းဖြေ ဥယျာဉ် ဆိုတာတော့ လူပေါင်းစုံ လာကြတာ ပါပဲ ၊ မတော်တဆ ပြဿနာ မျိုးတွေ ရှိပါတယ် ၊ ဒါတွေကိုလည်း အချိန်မီ ထိန်းသိမ်း ဖြေရှင်း နိုင်ခဲ့ပါတယ် ၊ လုံခြုံရေး ကို စနစ်တကျ ဆောင်ရွက် နေတာမို့ ထွက်လာတဲ့ သတင်းတွေ က အမှားပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

သဘာဝကမ္ဘာ ကုမ္ပဏီ ( Natural World ) တွင် ၀န်ထမ်းအင်အား ၃၀၀ ခန့်ရှိပြီး ပြည်သူ့ဥယျာဉ် အတွင်း လာရောက် အပန်းဖြေ ကြသော အများ ပြည်သူများအား ၀န်ဆောင်မှု ပေးလျက် ရှိနေကြောင်း ၊ အဆိုပါ ဥယျာဉ် အတွင်း လာရောက် အပန်းဖြေသူ ဦးရေ တစ်ပတ်လျှင် ၄ သောင်းနီးပါး ရှိကြောင်း ၊ ဥယျာဉ် အတွင်း အရက်သေစာ ရောင်းချခွင့် လိုင်စင်များ ချထားပေးခြင်း လုံးဝ မရှိကြောင်း သိရသည်။


ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ်ကို မြေနေရာ နှစ်ရှည် ငှားရမ်း လုပ်ကိုင်ခွင့် ရထားသော ကုမ္ပဏီ ၄ ခုရှိကြောင်း ၊ ၄င်းတို့မှာ သဘာဝ ကမ္ဘာ ၊ ရေလွှာကြီး ၊ Happy Zone နှင့် ယမုံနာ စားသောက်ဆိုင် တို့ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger