www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 9, 2013

သစ်သီးဝလံ ထွက်ကုန်များ အချောတင်ပို့ရန် ပြည်တွင်း၌ အအေးခန်း စက်ရုံနှင့် နည်းပညာလိုအပ်


ရန်ကုန် ၊ ၉-၉-၂၀၁၃

မြန်မာ့လယ်ယာ ထွက်ကုန် ဖြစ်သည့် သစ်သီးဝလံ များကို ပြည်ပသို့ အချော တင်ပို့နိုင်ရန် ပြည်တွင်း၌ အအေးခန်း စက်ရုံနှင့် နည်းပညာလို အပ်ချက်များ ရှိနေသေးကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်သီးဝလံ များအား လက်ရှိ၌ ပြည်ပသို့ ကုန်ကြမ်း အနေဖြင့်သာ တင်ပို့ နိုင်ခြင်းကြောင့် ရရှိသည့် အကျိုးအမြတ်မှာ နည်းပါးကြောင်း ၊ မြန်မာနိုင်ငံ အတွင်း လိုအပ်နေသော အအေးခန်း နှင့် နည်းပညာ များကို ပြည်ပမှ ရင်းနှီးမြှုပ်နှံ မှုတွေ ခေါ်ယူရန် လိုအပ်ကြောင်း ၊ ပြည်ပမှ ကုန်ချော တင်ပို့ရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း အထက်ပါ ကိစ္စရပ်များ ကြောင့် ဆွေးနွေးမှု အဆင့်တွင်သာ ရှိကြောင်း သိရသည်။

'' ကုန်ကြမ်း အနေနဲ့ပဲ တင်ပို့တော့ အပုပ်နဲ့ အနာတွေ ပယ်တာ တွေများတော့ ဒါတွေက ဝင်ငွေလျော့ စေတာပဲ ၊ တင်ပို့ ချိန်မှာ ရွေးချယ်တင်ပို့ ကြတာပဲ ၊ လမ်းမှာ ဖြစ်တာတွေပေါ့ ၊ ဒီလို မဖြစ်အောင် ကုန်ချော တင်ပို့နိုင်ရင် ပိုကောင်းမယ် . . . .'' ဟု ၄င်းက ပြောကြား ခဲ့သည်။

အအေးခန်း စက်ရုံများနှင့် နည်းပညာ ရင်းနှီးမြှုပ်နှံမှု တွင် ပြည်ပ လုပ်ငန်းရှင်များ သာမက ပြည်တွင်း လုပ်ငန်းရှင်များ ပါဝင်လာရန် လိုအပ်ကြောင်း ၊ ပြည်ပက မြန်မာနိုင်ငံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ ၊ မန်ကျည်းသီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ အစရှိသည့် လယ်ယာ ထွက်ကုန်များကို ကုန်ချော အဖြစ် တင်ပို့ရန် ကမ်းလှမ်းမှုများ ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် အအေးခန်း စက်ရုံများ တည်ဆောက်ရန် လိုအပ်သော နည်းပညာပိုင်း များကို ပြည်ပ နိုင်ငံများမှ ရရှိရေး ဆွေးနွေးတိုင်ပင် လျက်ရှိပြီး အဆိုပါ အကြောင်းအရာ အတွက် လတ်တလော၌ စိတ်ဝင်စား နေဆဲအဆင့်သာ ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger