www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 4, 2013

အိန္ဒိယနိုင်ငံ အသည်းခွဲစိတ် အထူးကု ဆရာဝန်ကြီးမှ အခမဲ့ ကြည့်ရှုစစ်ဆေးပေး



မန္တလေး ၊ ၄-၃-၂၀၁၃

အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံး ( မန္တလေး ) နှင့် Global Hospital Chennai, India တို့ ပူးပေါင်း စီစဉ်မှုဖြင့် အိန္ဒိယ နိုင်ငံမှ အသည်း ခွဲစိတ် အထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသော Dr. Thomas Cherian , Dr. Srinivas Reddy တို့မှ မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီက မန္တလေးမြို့ ၊ ချမ်းအေး သာစံ မြို့နယ် ၊ ၆၂ လမ်း ၊ ၃၃ x ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကြီးတွင် အသည်း ရောဂါနှင့် ပတ်သက်သော ရောဂါရှင် များကို အခမဲ့ ကြည့်ရှု စစ်ဆေး ပေးရာ မန္တလေးမြို့ အခြေစိုက် အိန္ဒိယ ကောင်စစ် ၀န်ချုပ် ဒေါက်တာ မဒမ် မိုဟမ်ဆင်းတီ မှ ဝေဒနာရှင် များအပေါ် စစ်ဆေး ကုသ နေမှုများအား ကြည့်ရှု စစ်ဆေး၍ ဝေဒနာရှင် များကို အားပေး စကား ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အသည်း ခွဲစိတ် အခမဲ့ စစ်ဆေး ကုသပေး ရာတွင် Dr. Reddy's  ၏ ဘီကိုဇင့် အားဆေး ကုမ္ပဏီမှ အားဆေး ၊ အစာအိမ်ဆေး ၊ သွေးကျဆေး ၊ အဆီကျဆေး များ ၊ ZAR & ZAR ကုမ္ပဏီမှ အားဆေး ၊ ကလေး အဖျား ပျောက်ဆေးရည် ၊ ပရုပ်ဆီများ အခမဲ့ ဝေခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger