www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 4, 2013

ပဉ္စမအကြိမ် မန္တလေးအဖေနေ့ အခမ်းအနား ကျင်းပမည်


မန္တလေး ၊ ၄-၃-၂၀၁၃

မန္တလေးမြိုက ၊ ချမ်းအေး သာစံမြို့နယ် ၊ ၃၂ လမ်း ၊ ၈၅ x ၈၆ လမ်းကြားရှိ မလွန်ဈေး ၊ ဆန်လှူ အသင်းကြီး ညီမူရာ ခန်းမတွင် ပဉ္စမ အကြိမ် မန္တလေးအဖေနေ့ အခမ်းအနား ကို လာမည့် မတ်လ ၂၆ ရက်နေ့ ( ၁၃၇၄ ခုနှစ် ၊ တပေါင်း လပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား တွင် အဖေနေ့ ၊ အဖေ့ဂုဏ်ရည် တို့ကို ရသ - သုတ ပြည့်စုံစွာဖြင့် သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဥာဏိသရ နှင့် စာရေးဆရာ လူရွှင်တော် ဦးချစ်စရာ တို့မှ စာပေ ဟောပြောမည် ဖြစ်ပြီး အဖေ့ခြေရာ ခံယူပွဲကို မတ်လ ၂၃ ရက် မှ မတ်လ ၂၅ ရက်နေ့ အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ မလွန်ဈေး ၊ ဆန်လှူ အသင်းတွင် ကျင်းပမည် ဖြစ်သည်။

ထို့အပြင် " အဖေ့ မေတ္တာဘွဲ့ ""'' စာမူ အလွတ်တန်း ၀တ္ထုတို များကို မတ်လ ၁၅ ရက်နေ့တွင် နောက်ဆုံး ထားကာ ဖုန်းမြင့်အောင် ၊ အမှတ်(၄၁) ၊ ၆၉ လမ်း ၊ လမ်း ၄၀ x ၄၁ လမ်းကြား ၊ မဟာမြိုင် (၁) ရပ်ကွက် ၊ မန္တလေးမြို့ ၊ ဖုန်း ၀၂- ၇၇၅ ၆၉ နှင့် ထွန်းဦးစာ ၊ ၈၄ လမ်း နှင့် ၂၉ လမ်းထောင့် သို့ ပေးပို့ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger