www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 9, 2013

အမေရိကန် - မြန်မာ " Trade and Investment Relations : The Path Forword " ကွန်ဖရင့် ကျင်းပမည်


ရန်ကုန် ၊ ၉-၂-၂၀၁၃


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် အမေရိကန် နိုင်ငံ ကုန်သည် အသင်းတို့ ပူးပေါင်း၍ US - MYANMAR Trade and Investment Relations : The Path Forword ကွန်ဖရင့်ကို လာမည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ ၊ မင်းရဲ ကျော်စွာလမ်း ရှိ ကုန်သည် / စက်မှု အသင်းချုပ် ပထမထပ် ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ဖရင့်သို့ နှစ်နိုင်ငံ အဆင့်မြင့် အစိုးရ အရာရှိများ ၊ စီးပွားရေး အမှုဆောင် များ ၊ ဖွံ့ဖြိုးရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များ ၊ ဘာသာရပ် ဆိုင်ရာ ပညာရှင်များ တက်ရောက် ကြမည် ဖြစ်ပြီး နှစ်နိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးစားပေး ရမည့် ကိစ္စများ ၊ စက်မှု ကဏ္ဍများမှ တစ်ဆင့် ကုန်သွယ်မှု နှင့် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်း များ ရှာဖွေ ချဲ့ထွင်ရေး ကိစ္စများ ၊ မြန်မာ - အမေရိကန် စီးပွားရေး မိတ်ဖက် ဆက်ဆံရေး ကိစ္စ ၊ ကုန်သွယ်ရေး နှင့် ရင်းနှီး မြှုပ်နှံရေး ဆက်ဆံရေး ဆွဲဆောင်မှု ရှိသော အခြေအနေ ဖန်တီးရေး ကိစ္စ ၊ မြန်မာ့ စွမ်းအင် အရင်းအမြစ် များ ဖွံ့ဖြိုး တိုးတက်ရေး ၊ IT ကဏ္ဍ တွန်းအားပေး ရေးကိစ္စ ၊ ဘဏ္ဍာရေး ကဏ္ဍ တည်ဆောက်ရန် လူမှု ဘ၀ မြှင့်တင်ရေး ၊ အာဆီယံ ဒေသ ၊ အာရှ နှင့် ကမ္ဘာ့ စီးပွားရေး သို့ မြန်မာ ပေါင်းစည်း ပါဝင်ရေး တို့ကို ဆွေးနွေး သွားမည် ဖြစ်သည်။

ကျင်းပမည့် ကွန်ဖရင့်သို့ တက်ရောက် လိုသူများ အနေဖြင့် UMFCCI အသင်းချုပ် သို့ ဖေဖော်ဝါရီ ၂၂ ရက် နောက်ဆုံး ထား၍ စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger