www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 9, 2013

ကျောင်းသား လူငယ်များအား ကင်းထောက်သင်တန်း ပို့ချမည်


ရန်ကုန် ၊ ၉-၂-၂၀၁၃

မြန်မာနိုင်ငံ ကင်းထောက် သင်တန်း ပို့ချရေး အဖွဲ့မှ ကြီးမှူး၍ ယခုနှစ် ဖေဖော်ဝါရီ လမှ စတင်ကာ ကျောင်းသား လူငယ် အယောက် ၂၀၀ အား ကင်းထောက် သင်တန်း ပို့ချမှုများ ပြုလုပ် ပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန လက်အောက်ရှိ ကျောင်းသား ကျောင်းသူ များအား အလုံမြို့နယ် ရှိ အမှတ်(၄) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် သင်းတန်း ပို့ချမည် ဖြစ်ပြီး အမှတ်(၂) အခြေခံ ပညာ ဦးစီးဌာန လက်အောက်ရှိ ကျောင်းသား ကျောင်းသူ များကိုမူ ပြင်ဦးလွင် မြို့နယ်တွင် သင်တန်း ပို့ချရန် လျာထား ကြောင်း သိရသည်။ ထို့အပြင် ယခု လက်ရှိတွင် သင်တန်း ပို့ချရန် အတွက် ဒေသ တစ်ခုလျှင် ကျောင်းသား ၁၀၀ နှုန်းနှင့် ဒေသ ၁၈ ခုအတွက် ကျောင်းသား အယောက် ၁၈၀၀ ဦး ရွေးချယ် ထားကြောင်း ၊ ဒေသ တစ်ခုလျှင် ကျောင်းသား နှင့် ကျောင်းသူ ၅၀ ဦးစီ ရွေးချယ် ခဲ့ကြောင်း ကင်းထောင် သင်တန်း ပို့ချရေး အဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် ကင်းထောက် သင်တန်း များကို ၁၉၆၂ ခုနှစ်အထိ ပြုလုပ် ခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်လက် ပြုလုပ်ခြင်း မရှိတော့ဘဲ ယခုနှစ်ဦး ပိုင်းမှစ၍ ပြန်လည် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger