ကော့ကရိတ် ၊ ၁၆-၁-၂၀၁၃
ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ
တိုးပွားစေရေး ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက် စေရေး အတွက် ကရင်ပြည်နယ်
၊ ကော့ကရိတ် မြို့နယ် ၊ ရန်တုတ် ကျေးရွာ ၊ " ဒေါနအလင်း (၁) " စာကြည့်တိုက်
အဆောက်အအုံ သစ်ဖွင့်ပွဲကို ၁၄-၁-၂၀၁၃ ရက် နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက် ၌ ကျင်းပခဲ့ကြောင်း
သိရသည်။
အခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူး
က အမှာစကား ပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ လက်ထောက်
ညွှန်ကြားရေးမှူး က စာကြည့်တိုက် ရှင်သန် ဖွံ့ဖြိုးရေး နှင့် စပ်လျဉ်း၍ ဟောပြောကာ စာရေးဆရာ
ဦးသန်းအောင် (သန်းအောင်နိုင်) က စာကြည့်တိုက် ဆောက်လုပ် လှူဒါန်း ရခြင်းနှင့် ပတ်သက်၍
ရှင်းလင်း ပြောကြားကြောင်း သိရသည်။
အဆိုပါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်
သည် အလျား ၂၈ ပေ ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၂ ပေ ရှိပြီး ၊ အုတ်ညှပ် ၊ သွပ်မိုး ၊ ကွန်ကရစ်ခင်းဖြစ်ပြီး
အလှူရှင်များ နှင့် ကျေးရွာ လူထု ထည့်ဝင်ငွေ ကျပ် (၂၈၇၄၆၀၀) ဖြစ်ပြီး စာကြည့်တိုက်
အဆောက်အအုံ သစ်အား ရန်တုတ်ကျောင်း ဆရာတော် ၊ ပြန်/ဆက် ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး
နှင့် စာရေးဆရာ ဦးသန်းအောင် တို့က ဖဲကြိုး ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment