Pages

Wednesday, January 16, 2013

စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

 



ကော့ကရိတ် ၊ ၁၆-၁-၂၀၁၃

ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေး ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက် စေရေး အတွက် ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ ရန်တုတ် ကျေးရွာ ၊ " ဒေါနအလင်း (၁) " စာကြည့်တိုက် အဆောက်အအုံ သစ်ဖွင့်ပွဲကို ၁၄-၁-၂၀၁၃ ရက် နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက် ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူး က အမှာစကား ပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး က စာကြည့်တိုက် ရှင်သန် ဖွံ့ဖြိုးရေး နှင့် စပ်လျဉ်း၍ ဟောပြောကာ စာရေးဆရာ ဦးသန်းအောင် (သန်းအောင်နိုင်) က စာကြည့်တိုက် ဆောက်လုပ် လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကြောင်း သိရသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက် သည် အလျား ၂၈ ပေ ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၂ ပေ ရှိပြီး ၊ အုတ်ညှပ် ၊ သွပ်မိုး ၊ ကွန်ကရစ်ခင်းဖြစ်ပြီး အလှူရှင်များ နှင့် ကျေးရွာ လူထု ထည့်ဝင်ငွေ ကျပ် (၂၈၇၄၆၀၀) ဖြစ်ပြီး စာကြည့်တိုက် အဆောက်အအုံ သစ်အား ရန်တုတ်ကျောင်း ဆရာတော် ၊ ပြန်/ဆက် ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး နှင့် စာရေးဆရာ ဦးသန်းအောင် တို့က ဖဲကြိုး ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။
 

No comments:

Post a Comment