www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 16, 2013

တပ်မတော် အရိုးဆေးရုံကြီး (ခုတင် - ၅၀၀) တွင် နိုင်ငံခြားသား ပညာရှင်များ နှင့် အခမဲ့ ခွဲစိတ် ကုသမှု ဆောင်ရွက်လျက်ရှိ

 



ရန်ကုန် ၊ ၁၆-၁-၂၀၁၃

စင်ကာပူနိုင်ငံ ( NUH ) မှ နိုင်ငံခြားသား ပညာရှင် ပလပ်စတစ် ခွဲစိတ် ကုသမှု ဆရာဝန် အဖွဲ့နှင့် ရန်ကုန်မြို့ ၊ မင်္ဂလာဒုံ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင် - ၅၀၀) မှ ခွဲစိတ် ဆရာဝန်များ ၊ မေ့ဆေး အထူးကု ဆရာဝန်များ ပူးပေါင်း၍ အခမဲ့ မျက်နှာ ၊ မေးရိုး ၊ ခံတွင်း နှင့် ထိခိုက် ဒဏ်ရာရ လူနာများအား ခွဲစိတ်ကုသ မှုများကို အဆိုပါ ဆေးရုံကြီး၌ ဇန်န၀ါရီ ၁၃ ရက်မှ ၁၇ ရက်နေ့ထိ ဆောင် ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသား ပညာရှင် များနှင့် ပူးတွဲ ခွဲစိတ်ကုသမှု များတွင် ဇန်န၀ါရီလ ၁၅ ရက်က မွေးရာပါ နားရွက် ချို့ယွင်းသော လူနာ ၁ ဦး ၊ ထိခိုက် ဒဏ်ရာကြောင့် နှာခေါင်း ပုံပျက် လူနာ ၁ ဦး နှင့် မျက်နှာ မေးရိုးကျိုး လူနာ ၄ ဦး စုစုပေါင်း လူနာ ၆ ဦးအား အောင်မြင်စွာ ခွဲစိတ် ကုသမှုများ ပြုလုပ် နိုင်ခဲ့ကြောင်း သိရှိရသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger