ရန်ကုန် ၊ ၁၆-၁-၂၀၁၃
၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ အတွင်းက ရန်ကုန်
လေဆိပ်မှ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၇၀၈၄၈ ဦး ၀င်ရောက် ခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ၀င်ရောက်မှုသည် ပြီးခဲ့သည့်
၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ထက် လူဦးရေ ၁၅၀၀ ကျော် တိုးမြှင့် ၀င်ရောက် လာခြင်းဖြစ်ပြီး
ဒီဇင်ဘာလ အတွင်း ခရီးသွား ၀င်ရောက်မှုမှာ ထိုင်းနိုင်ငံမှ ခရီးသွား ဧည့်သည် ၀င်ရောက်မှု
အများဆုံး ဖြစ်သည်။ ဒုတိယ အများဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ခရီးသွား ဧည့်သည်
၅၆၂၃ ဦး ၀င်ရောက် ခဲ့ကာ တရုတ် ၊ ကိုရီးယား ၊ စင်ကာပူ နိုင်ငံများမှ လည်း ခရီးသွား
ဧည့်သည် ၀င်ရောက်မှု များရှိခဲ့ကြောင်း သိရသည်။ ဥရောပ နိုင်ငံများမှ ခရီးသွား ဧည့်သည်
ဝင်ရောက်မှုမှာ ၃၀၀၀ ကျော်ရှိခဲ့ပြီး ဒီဇင်ဘာလ အတွင်း လာရောက်သူ များအနက် ၃၁ ရာခိုင်နှုန်းမှာ
လုပ်ငန်း ဗီဇာဖြင့် လာရောက် ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။





No comments:
Post a Comment