www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 16, 2013

မြန်မာ့ခြင်းလုံး သရုပ်ပြ သုံးနိုင်ငံခရီးသွားမည်



ရန်ကုန် ၊ ၁၆-၁-၂၀၁၃

မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့် မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ သုဓမ္မ မဏိဇောတ ဓရ ဦးစိုးနိုင် တို့၏ ပူးပေါင်း ပံ့ပိုးမှုဖြင့် အားကစား ၀န်ကြီးဌာန ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြား ရေးမှူး ဦးကျော်ဇင်မိုး အဖွဲ့ ခေါင်းဆောင် အဖြစ် ပါဝင်သော မြန်မာ့ ခြင်းလုံး သရုပ်ပြ ၃ နိုင်ငံ ခရီးကို ဇန်န၀ါရီ ၁၆ ရက်မှ ၂၃ ရက်နေအထိ ဘရူနိုင်း နိုင်ငံ ၊ စင်ကာပူ နိုင်ငံနှင့် မလေးရှား နိုင်ငံ တို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခြင်းလုံး သရုပ်ပြ အဖွဲ့တွင် မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲအောင် ၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးပြည့်စုံမြင့် ၊ ဒိုင်လူကြီး ဦးကိုကိုအောင် ၊ နည်းပြ ဦးခင်မောင်ဝင်း နှင့် အဖွဲ့ချုပ် သရုပ်ပြ လက်ရွေးစင် များဖြစ်ကြသည့် အောင်အောင်နိုင် ၊ အောင်စိုးမိုး ၊ ဇော်ထွန်းအောင် ၊ အောင်နိုင်ဦး ၊ ရဲဝင်းထွဋ် ၊ ကျော်စိုးမိုး နှင့် သက်နိုင်တို့ ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger