www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2012

နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့် လျှောက်ထားနိုင်ပြီ

နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့် လျှောက်ထားနိုင်ပြီ ဒီဇင်ဘာ(၁၁)ရက်နေ့ နိုင်ငံခြားငွေများ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်းတွင် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများ ကို ဆောင်ရွက်ခွင့် စတင် ခွင့်ပြု ပေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ စတင် လျှောက်ထား နိုင်ပြီ ဖြစ် ကြောင်း သိရသည်။ လိုင်စင်ရရှိရန် လျှောက်ထားသူများ သည် ငွေလဲ ကောင်တာ လုပ်ငန်း တစ်ခု ဆောင်ရွက်ခြင်း အတွက် ကနဦး မတည် ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင် လုပ်ကိုင်ရမည် ဖြစ်ပြီး ယင်း မတည်ငွေရင်း ကို နိုင်ငံခြား ငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရ ဘဏ် တစ်ခုခုတွင် စာရင်း ဖွင့်လှစ် ထည့်သွင်း ရမည် ဖြစ်ကြောင်း နှင့် ငွေလဲကောင်တာ တစ်ခုထက်မက ဆောင်ရွက် လိုပါက ကောင်တာ တစ်ခုစီ အတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံထည့်ဝင် ရမည် ဖြစ်ကြောင်း သိရသည်။ လိုင်စင် လျှောက်ထားသူများ အတွက် သတ်မှတ် ထားသော အရည်အချင်း မှာ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ အရ ဖွဲ့စည်း တည်ထောင် ထားသည့် ကုမ္ပဏီ ဖြစ်ရမည် ဖြစ်ပြီး နိုင်ငံခြား ငွေများ ရောင်းဝယ်မှု လုပ်ငန်း အတွက် ဈေးကွက် ရှိကြောင်း၊ သက်ဆိုင်ရာ ပြည်သူများ၊ ဖောက်သည် များလည်း စိတ်ဝင်စားမှု ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေး အရင်း အမြစ်နှင့် ယင်းတို့ကို မည်သို့ ရရှိမည် ဖြစ်ကြောင်း မျှော်မှန်း ထားသည့် အကျိုးအမြတ်၊ နိုင်ငံခြားငွေ များ ရောင်းဝယ်မှု လုပ်ငန်း အတွက် စီမံခန့်ခွဲ မည့် ပုဂ္ဂိုလ်၏ အရည် အချင်းနှင့် ကျွမ်းကျင်မှု တို့ အဓိက ပါဝင်သည့် လုပ်ငန်း စီမံချက်အား တင်ပြရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger