www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2012

ရန်ကုန်စီးပွားရေးတက္ကသိုလ် (၁၈)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ရန်ကုန်စီးပွားရေးတက္ကသိုလ် (၁၈)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၁)ရက်နေ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (၄၈)နှစ်မြောက် တည်ထောင်သောနေ့ FOUNDERS' DAY အထိမ်းအမှတ် (၁၈) ကြိမ် မြောက် အာစရိယ ပူဇော်ပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကမရွတ် မြို့နယ် ရန်ကုန်စီးပွားရေး ကတ္ကသိုလ် (ပင်မ) အခန်း(၁၀)၊ နီလာရတု ခန်းမ၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ ပူဇော်ပွဲတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ မုံရွာ စီးပွားရေး တက္ကသိုလ် နှင့် မိတ္ထီလာ စီးပွားရေး တက္ကသိုလ် တို့မှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၂၀၀ ကျော် တို့အား ပူဇော် ကန်တော့ ကြမည် ဖြစ်သည်။ အာစရိယ ပူဇော်ပွဲသို့ M.Com, B.Com, M.Ecom (Eco,Stats), M.BA, M.PA, M.DevS, D.ES, D.MA ဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ အောင်လက်မှတ် ရရှိပြီးသူ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ အားလုံး၊ စီးပွား ပညာ မျိုးဆက်သစ် များ အားလုံး ပူးပေါင်း ပါဝင် ကန်တော့ ကြရန် မြန်မာနိုင်ငံ စီးပွားရေး တက္ကသိုလ် ဘွဲ့ရများ အသင်း MIEGA က ဖိတ်ကြား နှိုးဆော် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger