www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 13, 2012

ပဲဈေးနှုန်း အနည်းငယ် မြင့်တက် လာသော်လည်း ပြည်ပမှ အ၀ယ်မလိုက်သေး




ရန်ကုန် ၊ ၁၃-၁၁-၂၀၁၂

မြန်မာနိုင်ငံ၏ အဓိက ပဲဝယ်လက် ဖြစ်သော အိန္ဒိယ နိုင်ငံတွင် ပဲဈေးနှုန်းများ မြင့်တက် လာ သဖြင့် ပြည်တွင်း ၌ ပဲဈေးနှုန်းများ ပြန်လည် မြင့်တက် လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

မတ်ပဲ RC တစ်တန်လျှင် ကျပ် ၅၀၀၀၀၀ အောက် သို့ကျဆင်း သွားရာမှ ကျပ် ၅၁၀၀၀၀ သို့လည်းကောင်း ၊ SQ တစ်တန်လျှင် ကျပ် ၅၄၀၀၀၀ မှ ၅၇၀၀၀၀ သို့လည်းကောင်း ၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၅၆၀၀၀၀ မှ ၅၈၅၀၀၀ သို့လည်းကောင်း ဈေးနှုန်းများ မြင့်တက် လာကြောင်း သိရသည်။

ပဲဈေးနှုန်း မြင့်တက် လာသော်လည်း ပြည်ပ ဈေးကွက်၌ ပြည်ပမှ ၀ယ်လက်များ အ၀ယ်လိုက် လာခြင်း မရှိသေးကြောင်း ပဲကုန်သည် များထဲမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger