www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 12, 2012

ဒါကာအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ခေါ်



ရန်ကုန် ၊ ၁၂-၁၁-၂၀၁၂

(၁၈)ကြိမ်မြောက် ဒါကာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ (၂၀၁၃) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံမှ စီးပွားရေုးလုပ်ငန်းရှင်များ ပါဝင်ပြသ နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အကြောင်းကြားစာ ပေးပို့ပြီး ဖိတ်ကြား ထားသည်။ အဆိုပါ ပြပွဲတွင် အထည်ချုပ် ၊ သားရေထွက်ကုန် ၊ စက်နှင့် စက်ပစ္စည်း ၊ ဆေးဝါး ၊ လူသုံးကုန် ၊ အလှကုန် ၊ နို့နှင့် နို့ထွက်ပစ္စည်း ၊ ကျောက်မျက် နှင့် စာရေး ကိရိယာ ပစ္စည်းများ ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပါဝင်ပြသ လိုသူများ အနေဖြင့် သက်ဆိုင်ရာ သံရုံးမှ တစ်ဆင့် ပြပွဲကျင်းပရေး ကော်မတီသို့ စာရင်းပေး သွင်းပြီး ပါဝင် ပြသနိုင်ကြောင်း နှင့် UMFCCI သို့ နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး ဆက်သွယ် စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger