www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 9, 2012

အခမဲ့ ကွင်းဆင်း ဆေးကုသ




မန္တလေး ၊ ၉-၁၁-၂၀၁၂

မန္တလေးမြို့ ၊ အေးမြေ သာစံ မြို့နယ် ၊ မင်းတဲအီကင်း ရပ်ကွက် ဓမ္မရုံ၌ အောင်မြေသာစံ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဦးစီး၍ အမျိုးသမီး နှင့် ကလေးကျန်းမာရေး စီမံချက် Women and Child Health Development Project ဖြင့် မြို့နယ်အတွင်း ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် အခမဲ့ ဆေးကု သ ပေးခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ ဆေးကုသပေး ရာတွင် မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ ဒေါ်ကြည်ရွှေ ၊ လက်ထောက် ဆရာဝန် ဒေါက်တာ ခိုင်ဇာလင်း ၊ မြို့နယ် သူနာပြု ဆရာမကြီး ဒေါ်ချိုချိုမြင့် နှင့် သူနာပြု ဆရာမများ ၊ သားဖွား ဆရာမများ ၊ အမျိုးသမီး ကျန်းမာရေး ဆရာမများက အဆိုပါ မြို့နယ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူ ၁၄၀ ဦးအား အသိပညာ ပေးပြီး ၁၀၀ ဦးအား အခမဲ့ ဆေးကုသ ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger