www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

မောင်တောမြို့နယ်၊ ကညင်တောမြောက် ကျေးရွာ၌ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မောင်တောမြို့နယ်၊ ကညင်တောမြောက် ကျေးရွာ၌ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
-
နေပြည်တော် ဇန်နဝါရီ  ၃၁ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃ဝ ရက် ညနေ ၃ နာရီခွဲတွင် ကညင်တောမြောက်ကျေးရွာသို့ အရောက်၌ ဆိုင်ကယ်အနီရောင်စီးနင်းလာသော အမျိုးသားတစ်ဦးမှာ ပလတ်စတစ် အထုပ်တစ်ထုပ်အား လမ်းဘေးလယ်ကွင်းစပ်သို့ ပစ်ချပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ကညင်တောမြောက်ရွာ တာဝန်ခံရှေ့တွင်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပလတ်စတစ်အိတ် အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆ဝ ကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ပြင်ဖြူမြို့နယ်ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger