www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

ကလေးဝမြို့၌ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဖွင့်လှစ်မည်

ကလေးဝမြို့၌  ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဖွင့်လှစ်မည်
-
ကလေးဝ  ဇန်နဝါရီ  ၃၁ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့တွင် ၂၄ နာရီလျှပ်စစ်မီး အသုံးပြုနိုင်ရေးအတွက် ငွေကျပ် ၉၉၁၄ သန်း ကုန်ကျခံ တည်ဆောက်ခဲ့သော  ၆၆/၁၁ ကေဗွီ ၅  အမ်ဗွီအေ ဓာတ်အားခွဲရုံအား ဖေဖော်ဝါရီ ၁ဝ ရက်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ 
-
ကလေးဝမြို့နယ်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ၂ဝ၁၆ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ရာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလလယ်တွင် တည်ဆောက်ရေး လုပ်ငန်းများနှင့်  ၆၆ ကေဗွီဓာတ်အားလိုင်း ၄၇ မိုင် တိုးချဲ့ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား စမ်းသပ်ပို့လွှတ်ခြင်း လုပ်ငန်းကို ယနေ့တွင် စတင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁ဝ ရက်တွင် ဖွင့်လှစ်ပွဲကျင်းပကာ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ 
-
အဆိုပါဓာတ်အားခွဲရုံ ဖွင့်လှစ်ပြီးပါကလက်ရှိအသုံးပြုလျက်ရှိသော ရပ်ကွက်သုံးခုနှင့် ကျေးရွာနှစ်ရွာတို့မှ အိမ်ခြေ ၁၆၇၅ အိမ်ရှိ မီးသုံးစွဲသူ ၁၇၆၁ ဦး ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းနှင့် ယခင်က ကလေးဝမြို့ပေါ်ရပ်ကွက် သုံးခုနှင့် ကျေးရွာနှစ်ရွာတို့ ၈ဝဝ ကေဗွီအေ၊ ၅ဝဝ ကေဗွီအေ၊ ၃၄ဝ ကေဗွီအေဒီဇယ် ဓာတ်အားပေးစက်ကြီးများဖြင့် တစ်ရက်လျှင် ၃ ဒသမ၁၅   နာရီနှုန်း   လျှပ်စစ်မီး ပို့လွှတ် အသုံးပြုလျက် ရှိကြောင်း သိရ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger