www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2019

(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပီတန်းအားကစား ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းနည်းပြ ငှားရမ်း လေ့ကျင့် သွားမည်

(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပီတန်းအားကစား ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းနည်းပြ ငှားရမ်း လေ့ကျင့် သွားမည်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အားကစားနည်း ၅၅မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံအနေဖြင့် သွားရောက် ယှဉ်ပြိုင်မည့် အားကစားနည်းများ အမျိုးအစား အရေအတွက်မသိရသေးသော်လည်း အားကစားနည်းများအလိုက်အဖွဲ့ချုပ်များ အနေဖြင့် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ 
-
မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်အနေဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ပီတန်းအားကစားကွင်း၌ ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး  ပြိုင်ပွဲမစတင်မီ ထိုင်းနည်းပြငှားရမ်း လေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ(၃ဝ)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်အတွက် အမျိုးသား လေးဦး၊ အမျိုးသမီးခြောက်ဦး စုစု ပေါင်း ၁ဝ ဦးကို နေပြည်တော်ရှိ ပီတန်း လေ့ကျင့်ရေး ကွင်း၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။ 
-
''၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအပြီးမှာ ခဏနားထားပြီး အခုမှပြန်လည် လေ့ကျင့်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲက ကျောင်းသူတစ်ဦးရယ် ကျန်တာကလက်ရွေးစင် ကစားသမားဟောင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ ပြိုင်ပွဲမစတင်ခင်မှာထိုင်းနည်းပြငှားရမ်း လေ့ကျင့်သွားမှာဖြစ်ပါတယ်''ဟု အသင်းနည်းပြ ဒေါ်ချောအိသူက ပြောသည်။ 
-
(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသားသုံးယောက် တွဲပြိုင်ပွဲနှင့် အမျိုးသမီးသုံးယောက်တွဲပြိုင် ပွဲများ  ဝင်ရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger