www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီခန့်တွင် လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ဟိုယကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိစကားဝါကျောင်းဆောင်တွင် သွပ်အမိုး၊ ဒိုင်း၊ မြားတန်း၊ မျက်နှာကြက်များနှင့် ကျောင်းဝင်းအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
-
အဆိုပါလေပြင်း တိုက်ခတ်ခဲ့သည့်နေရာသို့ ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အမိုးလန် ပျက်စီးခဲ့သည့် အဆောက်အအုံများ၌ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သစ်ပင်၊သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှား ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။             
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger