www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 6, 2019

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ပထမနေ့ ကျင်းပ

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ပထမနေ့ ကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
(၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ ပထမနေ့ အုပ်စု(၁) ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု  စစ်တီးဝိုင်းအသင်း၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲတီးဝိုင်း အသင်း၊  စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုစစ်တီးဝိုင်းအသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု(၂)ပြိုင်ပွဲများကို နေ့လယ်ပိုင်းတွင် ဆက်လက်ပြုလုပ်ရာအနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်း အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။ 
-
အဆိုပါ ပြိုင်ပွဲကို (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ်  ဗိုလ်ချုပ် ဇင်မင်းထက်နှင့်  တပ်မတော် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger