www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၄ 
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။ 
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းပေးပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ အတွက် ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ 
-
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါခန်းမ၌ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်နှင့် မိသားစုဝင် ၆၅ ဦးတို့အား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ငှက်ဖျားရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များကလိုက်လံကြည့်ရှု အားပေးပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger