www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် သပိတ်လုံး ဆွမ်းလောင်းလှူပွဲပြုလုပ်

ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် သပိတ်လုံး ဆွမ်းလောင်းလှူပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၄ 
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ်သပိတ်လုံး ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကေတုမတီမြို့၊ မြတ်ဒါနဘုံ ဆွမ်းလောင်းဓမ္မာရုံ၌ပြုလုပ်ရာသံဃာတော် ၁၃၄ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေး ၁၇ ပါး၊ စုစုပေါင်း ၁၅၁ ပါးကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဓမ္မာရုံ အသင်းသားများ၊ စေတနာရှင် ပြည်သူများ တက်ရောက်ကြသည်။ 
-
ဦးစွာ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများသည် ကေတုမတီမြို့၊ မြို့မကျောင်းတိုက် စုရပ်မှစတင်၍ ပြည်ထောင်စု လမ်းမကြီးအတိုင်း ကြွချီတော်မူလာကြရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များက မြတ်ဒါနဘုံဆွမ်းလောင်းဓမ္မာရုံရှေ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ သပိတ်လုံး ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger