www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နယူးယောက်မြို့ရှိ UNICEF အမှုဆောင် ညွှန်ကြားရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နယူးယောက်မြို့ရှိ UNICEF အမှုဆောင် ညွှန်ကြားရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
-
နေပြည်တော် ဇန်နဝါရီ ၂၈ 
-
ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် နယူးယောက်မြို့ရှိ UNICEF အမှုဆောင် ညွှန်ကြားရေးမှူး Ms. Henrietta H. Fore ကို ယနေ့ နံနက် ၉ နာရီတွင် လည်းကောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs.Christine Burgener ကို ယနေ့နံနက် ၁ဝ နာရီတွင် လည်းကောင်း ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံခဲ့သည်။ 
-
Ms. Henrietta H. Fore နှင့် တွေ့ဆုံရာတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကိစ္စ၊ တိုက်ပွဲရှောင် ဒေသများသို့ UNICEF မှ ကူညီ ထောက်ပံ့ရေး အဖွဲ့များသွားရောက်ခွင့်ကိစ္စ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအားစစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 
-
ထို့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgenerနှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် အရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များ ကိစ္စနှင့် အရွယ်မရောက် သေးသူ ကလေးသူငယ်များအားစစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger