www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
-
တနင်္သာရီ  ဇန်နဝါရီ  ၂၃ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း လူသားအားလုံး ကျန်းမာကြံ့ခိုင်ပြီး အသက် အရွယ်မရွေး ဖြစ်ပွား ကူးစက်နိုင်သော ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရေးအတွက် ယမန်နေ့က မြို့နယ်အဆင့် ရပ်ကွက်/ကျေးရွာ များအလိုက် ဆေးတိုက်အဖွဲ့များက အသက်နှစ်နှစ် နှင့်အထက် ဒေသခံပြည်သူများအား ဆင်ခြေ ထောက်ရောဂါ ကာကွယ်ဆေးပြားများနှင့် သန်ချဆေးပေါင်းစပ်၍ အိမ်တိုင်ရာရောက် တိုက်ကျွေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ကြသည်။ 
-
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ကုသရေး ဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်   ဦးဆောင်၍ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ငှက်ဖျားမှူး ဦးကျော်လွင်ဦး၊ ကျန်းမာရေးမှူး ဦးလင်းလင်းထက်နှင့် ဆရာ၊ဆရာမများ၊ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ လိုက်ပါ၍ မြို့မရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုဝင်များနှင့် ရပ်ကွက်အတွင်း လမ်းအလိုက် အိမ်တိုင်ရာရောက် အသက်အရွယ် အပိုင်းအခြားအလိုက် ကာကွယ်ဆေးနှင့် သန်ချဆေးများ တိုက်ကျွေးကြကြောင်း သိရသည်။             
-
နန်းသာရီ-ထိန်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger