www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၂၃ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ညိုမီးကျေးရွာ၊ ရပ်စောက်မြို့နယ်၊ ဝက်ကျခဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များရှိ ဒေသခံပြည်သူများအား ဇန်နဝါရီ ၂၂ ရက်နှင့် ယနေ့တို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ များက အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့များက ဒေသခံပြည်သူစုစုပေါင်း ၂၂၇ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger