www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာနေ ဦးလင်းလင်း(ဘ) ဦးဝင်းမြိုင်သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁  နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံမီးရှို့ရာ ၎င်းမှတစ်ဆင့် ကြက်ခြံသို့ ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁၂ နာရီ ၂ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ကြက်ခြံတစ်ခြံ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့်  မီးပေါ့ဆစွာသုံးစွဲသူ  ဦးလင်းလင်းအား  မိတ္ထီလာမြို့ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger