www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများ၌ နှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း လာရောက် လည်ပတ်သူများဖြင့်စည်ကား

ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများ၌ နှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း လာရောက် လည်ပတ်သူများဖြင့်စည်ကား
-
ပြင်ဦးလွင် ဇန်နဝါရီ ၁ 
-
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများ၌ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်ထိ မြန်မာပြည်တစ်ဝန်းမှ လာရောက် လည်ပတ် အပန်း ဖြေအနားယူကြသည့် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။ 
-
အထူးသဖြင့် မဟာအံ့ထူးကံသာ(ပြည်ချစ်) ဘုရားကြီး၌ နံနက် ၆ နာရီမှစ၍ ည ၈ နာရီအထိ ဘုရားဖူးများဖြင့် အထူးစည်ကားလျက်ရှိသည်။ ပိတ်ချင်းမြောင် ရေတံခွန်နှင့် ပွဲကောက် ရေတံ ခွန်တို့တွင် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ သည်။ အမျိုးသား ကန်တော်ကြီး ဥယျာဉ်၌ ပန်းပွဲတော် ကျင်းပနေသည့် အချိန်လည်း ဖြစ်သဖြင့် နံနက် ၁ဝ နာရီမှ ည ၉ နာရီအထိအထူးစည်ကားလျက်ရှိသည်။ 
-
ပန်းပွဲတော်တွင် အစီအစဉ်သစ် တစ်ခုအနေဖြင့် ဈေးရောင်းပွဲတော် ထည့်သွင်းထားသဖြင့် ပန်းပွဲတော်လာ ပရိသတ်များ အဆင်ပြေ၍ အထူးကြိုက်နှစ်သက်ကြကြောင်း သိရသည်။ ပြင်ဦးလွင်ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ကျင်းပ မည်ဖြစ်သည်။ 
-
အဆိုပါ ပွဲတော်အတွင်း ပြည်ပမှ ပန်းမျိုးစိတ်ပေါင်း နှစ်သိန်းလေးသောင်း ကျော်နှင့် ပြည်တွင်း ပန်းမျိုးစိတ်ပေါင်း ခုနစ်သောင်းခန့် စုစုပေါင်း ပန်းမျိုးစိတ် သုံးသိန်းကျော် ခင်းကျင်း ပြသထားသည်။ ထို့ပြင် မြို့လယ် မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဒေသထွက်စွယ်တာများ ရောင်းချသည့် ဆိုင်များ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ လည်းရှိကြောင်း သိရသည်။ 
-
ငမြတ်စံ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger