www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

မဘိမ်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ

မဘိမ်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် မြစ်ဆုံကျေးရွာ၏ အရှေ့ဘက် ၁ဝမိုင်ခန့်အကွာ၌ တရားမဝင် ကျွန်းသစ်လုံး ဆိုဒ်စုံ ၁၇၅ လုံး(ခန့်မှန်း ၂၉ ဒသမ ၄ တန်ခန့်)ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင် ကျွန်းသစ်လုံးများအား မဘိမ်းမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger