www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

ကော့သောင်း ဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတဂေဟာတို့၌ ထောက်ပံ့မှုများ ဆောင်ရွက်

ကော့သောင်း ဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ  ရွှေတောင်ဦး ပရဟိတဂေဟာတို့၌ ထောက်ပံ့မှုများ ဆောင်ရွက်
-
ကော့သောင်း   ဇန်နဝါရီ   ၁ 
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက် ပိုင်းတွင် ကော့သောင်းမြို့ရှိ ကော့သောင်းဘိုးဘွားရိပ်သာ၌ မသန်စွမ်း ဘိုးဘွားများအပါအဝင် ဘိုးဘွား များအတွက် အလှူငွေကျပ် ၃၁ဝဝဝဝ နှင့်ခြုံစောင်များ၊ အသက် ၁ဝ၄ နှစ်ရှိအဘွားအတွက် သီးခြားထောက်ပံ့မှု များကို ပေးအပ်သည်။   
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလိဝမ်းကျေးရွာ ရွှေတောင်ဦး ပရဟိတ ဂေဟာရှိ မသန်စွမ်းကလေးများ အပါအဝင် ကလေးငယ်များ အတွက် ထောက်ပံ့ငွေများ၊ အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များကို ပေးအပ်သည်။ 
-
အဆိုပါ ပရဟိတဂေဟာ၌  မွေးကင်းစနှင့် လသားအရွယ်များအပါအဝင် ရင်ခွင်မဲ့ကလေး၂၉၅ဦးကို စောင့်ရှောက် ပေး လျက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်  ရှေးဦး အရွယ် ကလေးသူငယ်များ  စနစ်တကျ ပြုစုပျိုးထောင်နိုင်ရေး၊  အစိုးရ၊ အခြားလူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ပရဟိတဂေဟာဆရာတော် ဘဒ္ဒန္တဣန္ဒသာရအား လျှောက်ထား ဆွေးနွေးခဲ့ကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger