www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

WEEKEND SPECIAL အထူးအစီအစဉ်အဖြစ် ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဘုရားဖူး ခရီးစဉ် WATER BUSစတင်ပြေးဆွဲ

Weekend Special အထူးအစီအစဉ်အဖြစ် ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဘုရားဖူး ခရီးစဉ် Water Busစတင်ပြေးဆွဲ
-
ရန်ကုန် ဒီဇင်ဘာ ၂ 
-
Yangon Water Bus ၏ Weekend Specialအထူးအစီအစဉ်အဖြစ် ယနေ့တွင် ကျောက်တန်းမြို့နယ်ရှိ ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဘုရားဖူးခရီးစဉ်စတင် ပြေးဆွဲ ပေးသည်။
-
''ခရီးသွားပြည်သူတွေရဲ့ တောင်းဆိုမှုအရ ဒီခရီးစဉ်ကို ပြေးဆွဲပေးတာဖြစ်ပါတယ်။ ဘုရားဖူးပြီးတဲ့အခါ ကမ်းနားဈေးလည်ပတ်ဖို့ အချိန်နှစ်နာရီ သတ်မှတ်ပေးထားပါတယ်။ ခရီးသည်တွေအတွက် ဒီခရီးစဉ်မှာ ရေသန့်၊ကော်ဖီ၊ Lunch Box တွေနဲ့ ဧည့်ခံတာဖြစ်ပြီး ကူးတို့လှေခတွေကိုလည်း ဒီဘက်ကနေကျခံတာဖြစ်လို့ ခရီးသည်တွေဘက်Water Bus စီးခ ၆ဝဝဝ ကျပ်ကလွဲပြီးထပ်ဆောင်းအပိုကုန်ကျစရာမရှိပါဘူး'' ဟုတင့်တင့်မြန်မာ ကုမ္ပဏီ လီမိတက်မှ ပြန်ကြားရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ကိုလင်းနိုင်ဦးကပြောသည်။
-
အဆိုပါခရီးစဉ်အတွက် ဗိုလ်တထောင်ဆိပ်ကမ်းမှ နံနက် ၉ နာရီခွဲတွင် စတင်ထွက်ခွာပြီး ခရီးစဉ်တစ်လျှောက် ရှုခင်းအလှများကို နှစ်နာရီနီးပါးကြည့်ရှုခံစားနိုင်ကြောင်း၊ ဘုရားဖူးချိန်နှင့် လည်ပတ်ချိန်တို့ကို အချိန်နှစ်နာရီ သတ် မှတ်ပေးထားပြီး ဗိုလ်တထောင် ဆိပ်ကမ်းသို့ ညနေပိုင်း တွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
-
ထို့ပြင် သမ္မတဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်းခရီးစဉ်၊ ဒလ အံ့ကြီးဆိပ်ကမ်းမှ ပန်းဆိုးတန်း ဆိပ်ကမ်းခရီးစဉ်၊ ဒလ ဆာပါချောင် ဆိပ်ကမ်းမှ လမ်းမတော် လမ်းသစ်ဆိပ်ကမ်း ခရီးစဉ်တို့အတွက်လည်း ခရီးသည်တစ်ဦးလျှင် စီးနင်းခငွေကျပ် ၃ဝဝ ကောက်ခံနေရာမှ နိုဝင်ဘာ ၂၅ ရက်မှစ၍ ငွေကျပ် ၂ဝဝပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း၊ Yangon Water Bus မှ သန်လျင် စတားစီးတီးခရီးစဉ်ကိုလည်း မကြာမီပြေးဆွဲပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger