www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

မော်တင်စွန်းအနီး၌ ဝါးလတ်ငါးဖမ်း စက်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွား

မော်တင်စွန်းအနီး၌ ဝါးလတ်ငါးဖမ်း စက်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွား
-
နေပြည်တော်   ဒီဇင်ဘာ   ၂ 
-
ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာ  ၁  ရက် နေ့လယ်ပိုင်းတွင် မော်တင်စွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅ မိုင်ခန့် အကွာတွင် ဝါးလတ်ငါးဖမ်းလှေ တစ်စင်း မီးလောင်နေကြောင်း သတင်းအရ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ သွားရောက်၍ မီးငြှိမ်းသတ်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
အဆိုပါငါးဖမ်းလှေမှာ ဟိုင်လုံကုမ္ပဏီပိုင် ပဲ့နင်း ဦးမြမိုးအပါအဝင် လှေသား ၂ဝ ဦး ပါဝင်သော  ထာဝရပိုင်အောင်(၉)အမည်ရှိ ဝါးလတ်ငါးဖမ်းစက်လှေဖြစ်ပြီး ပင်လယ်ပြင်၌ ငါးဖမ်းပြီးပြန်လာစဉ် စက်ခန်းအတွင်း ပေါက်ကွဲသံကြားရပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊   ၎င်းမီးလောင်ကျွမ်းမှုကြောင့် ငါးဖမ်းစက်လှေအပေါ်ပိုင်း ခိုအိမ်၊ ပဲ့စင်ခန်း၊စက်မကြီးခန်းနှင့် ငါးဖမ်းပိုက်များ ပျက်စီး ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger