www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြီး ဆိုင်ကယ်စီး ဦးထုပ်များ ဖြန့်ဝေ -

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြီး ဆိုင်ကယ်စီး ဦးထုပ်များ ဖြန့်ဝေ
-
ပဲခူး ဒီဇင်ဘာ ၁ဝ
-
ပဲခူးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ဆိုင်ကယ်ချစ်သူများ အဖွဲ့တို့ ပူးပေါင်းပြီး ဆိုင်ကယ်မောင်းသူများ  ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာနိုင်စေရန် ယမန်နေ့က မြို့နယ်အတွင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊   ဦးထုပ်မဆောင်းလာသူများအား  ဆိုင်ကယ်စီး ဦးထုပ်များ  ဝေငှပေးခြင်းများပြုလုပ်ကြကြောင်း သိရသည်။
-
ပဲခူးတိုင်းဒေသကြီး အမှတ် (၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး   ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ချစ်သူများ အဖွဲ့နှင့် ပူးပေါင်းကာ  မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှုများ  လျော့နည်း ကျဆင်းစေရန်၊ ယာဉ်အသုံးပြုသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေးအပြင်  ဆိုင်ကယ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်းသူများလုံခြုံစိတ်ချရသော ဆိုင်ကယ်စီး ဦးထုပ်ကို စနစ်တကျ ဆောင်းပြီး  မောင်းနှင် စီးနင်းရေးအတွက်  အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။
-
ပဲခူးတိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် စီးနင်းမှု များပြားခြင်းကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှု  ပိုမိုများပြားလာကာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃ဝ ရက်အထိယာဉ်မတော်တဆမှု ၁၉၉၇ မှုဖြစ်ပွားခဲ့ရာ ၄၄၅ ဦး သေဆုံးပြီး ၃၁၅၆ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger