www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

ရော်ဘာခြံပြုစုခြင်းနှင့် ဇီဝမြေသြဇာ သုံးစွဲနည်းစနစ် သရုပ်ပြသ

ရော်ဘာခြံပြုစုခြင်းနှင့် ဇီဝမြေသြဇာ သုံးစွဲနည်းစနစ် သရုပ်ပြသ
-
ကျိုက်ဒုံ ဒီဇင်ဘာ ၂၅
-
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ပုံမြို့နယ် မိတန်ကျေးရွာအုပ်စု၌ ယမန်နေ့ နံနက်ပိုင်း က ရော်ဘာခြံပြုစုထိန်းသိမ်းခြင်းနှင့် ဇီဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းစနစ်ကွင်း သရုပ်ပြပွဲ ကျင်း ပသည်။ ရှေးဦးစွာပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တောင်သူများအား မြေသြ ဇာအမျိုးအစား သုံးမျိုးရှိကြောင်း၊ ပိုးရည်များဖြင့် မြေသြဇာပြုလုပ်နည်းများ၊ ရွှေဇီဝအကျိုးပြု အဏုဇီဝပိုးရည်များ အကြောင်း၊ ပါဝင်သော ပစ္စည်း၊ အကျိုးကျေးဇူး၊ အသုံးပြုပုံ၊ ထပ်မံသုံးစွဲ နည်းများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
-
ဆက်လက်၍ မြေသြဇာပြုလုပ်နည်း ကွင်းသရုပ်ပြသရန်အတွက် ပြည်နယ်စိုက်ပျိုးရေး ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးက ရော်ဘာခြံပိုင်ရှင် ဦးချစ်လွန်းအား ရွှေဇီဝ သဘာဝ ဇီဝမြေသြ ဇာအကြီးနှစ်အိတ်၊ အသေးနှစ်အိတ်၊ အသီးအပွင့်အားဆေး တစ်ပုလင်း၊ ရွှေဇီဝပိုးရည် ငါးဂါ လန်၊ ဖန်ဂူရမ်မှိုပိုးသတ်ဆေးနှစ်ထုပ် စသည့် လိုအပ်သော ပစ္စည်းများကို ပေးအပ်ပြီး ဇီဝမြေ သြဇာပြုလုပ်နည်းများကိုတောင်သူများနှင့်တကွ လက်တွေ့ပြုလုပ်ကြသည်။
-
ကွင်းဆင်းသရုပ်ပြပွဲသို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြာအင်းဆိပ်ကြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ ကျိုက်ဒုံမြို့မှ စိုက်ပျိုးရေးဝန်ထမ်းများ၊ နယ်မြေစခန်းမှူး၊ ရော်ဘာခြံပိုင်ရှင်များနှင့်တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
-
(၄၀၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger