www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

မြန်မာနိုင်ငံ၏ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝ ဖူလုံရေး အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံ၏ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝ ဖူလုံရေး အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း အခမ်းအနား ကျင်းပ
-
နေပြည်တော်   ဒီဇင်ဘာ  ၃ 
-
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝ ဖူလုံရေး အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ Hotel   Max ၌ ကျင်းပသည်။
-
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကား ပြောကြားရာတွင် ယခုထုတ်ပြန်သည့်၂ဝ၁၄ သန်းခေါင်စာရင်းသည် ၁၉၈၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ယူသည့် စာရင်းဖြစ်ကြောင်း၊ အခက်အခဲ၊ စိန်ခေါ်မှု အမျိုးမျိုးရှိသည့်ကြားမှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ်အစီရင် ခံစာပေါင်း တစ်ထောင်ခန့်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ အသေးစိတ်ဆန်းစစ် လေ့လာထားသည့် သုတေသန စာတမ်း ၁၃ စောင်နှင့် သန်းခေါင်စာရင်းရလဒ် မြေပုံအစီရင်ခံစာတို့ကိုလည်း ထုတ်ပြန်ကြေ ညာနိုင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်း  အချက်အလက် များကို မျှဝေရာတွင် Online နှင့် Offline တို့မှ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
-
ထို့နောက်  မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဒါရိုက်တာ Ms. Ellen A Goldstein က အမှာစကား ပြောကြားပြီး ပြည်သူ့အင်အား ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးညီညီက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို  ရှင်းလင်း ပြောကြားသည်။
-
အဆိုပါအခမ်းအနားသို့   အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊  မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ  ကမ္ဘာ့ဘဏ်ဒါရိုက်တာ၊ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာရှိကြီးများ၊အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြကြောင်း   သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger