www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၃
-
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်  တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး   ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ အားကစားနည်းများအလိုက် ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အသင်းလိုက်ဆု ရရှိသူများ၊ တစ်ဦးချင်းဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသော မန္တလေးတပ်နယ် အသင်းတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။
-
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားနည်း ၂၂ မျိုးပါဝင်ပြီး တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger