
-
နေပြည်တော် ဒီဇင်ဘာ ၁၂
-
ရခိုင်ပြည်နယ် အတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ကျောက်ဖြူ မြို့နယ်၊ စစ်တောကျေးရွာရှိ ဒေသခံပြည်သူ ၈၉၂ ဦးတို့ကို အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
-

-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၁၁ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၄၉ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၈၆ ဦး၊ မျက်စိရောဂါ ၁၄၆ ဦးနှင့် သွားရောဂါ ၁၅၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၂ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၈၆ ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၇၉ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၄၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁၆ ဦးတို့အား ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင် ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment