
-
နေပြည်တော် ဒီဇင်ဘာ ၁၂
-
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံ နိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့၏ (၁၈)ကြိမ်မြောက် အထွေထွေညီလာခံ၌ ဂုဏ်ထူး ဆောင်ဆု လက်ခံရယူခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ်ဇာနည်ဝင်း (အငြိမ်းစား)တို့သည်ယနေ့ညပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
-
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် ဗိုလ်ချုပ်ဇာနည်ဝင်း(အငြိမ်းစား)တို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment