www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။ ရှေးဦးစွာ ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် 
အခမ်းအနားကို ပညာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ဘာသာရပ် ၁၁ ခုဖြင့် ပါမောက္ခချုပ် အပါအဝင် ဆရာ ၁၄ ဦးဖြင့် စတင်သင်ကြားခဲ့ကြောင်း၊  ဒဂုံတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းမှုဖြင့် ယခုအချိန်တွင် ဘာသာရပ်ဌာန ၂၂ ခုမှ ဘာသာရပ်ပေါင်း ၂၆ ခုအထိ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း၊၂၅ နှစ်တာ ဖြတ်သန်းခဲ့ရသော ဒဂုံတက္ကသိုလ်၏ အတွေ့အကြုံများမှ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက် အားကောင်းစေရန်နှင့် အခက်အခဲ မပြည့်စုံမှု၊စိန်ခေါ်မှုများကို ပြန်လည်ပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ပေးခြင်း၊ သုတေသန လုပ်ငန်းများကိုလည်း    ဒေသအကျိုးပြု၊   နိုင်ငံအကျိုးပြု၊ ကမ္ဘာ့အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုမည့် တီထွင်ဆန်းသစ်မှုများအထိပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။ ဒဂုံတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် ''စိတ်ထားကောင်းမြတ်၊ ကျင့်ဝတ်လိုက်နာ၊ ပညာထူးချွန်၊ လူရည်မွန်များ၊ မွေးဖွားရိပ်ခို၊ တို့တက္ကသိုလ်''ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆရာ၊ဆရာမများ၊ စီမံခန့်ခွဲသူများ၊ ကျောင်းသား၊ ကျောင်းသူ များ အနေဖြင့် အမိတက္ကသိုလ်၏ တိုးတက်အောင်မြင်မှုများအပေါ် ဆက်လက်ထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။ 
-
ယင်းနောက်   တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနုနုရီတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်သိပံ္ပပြပွဲနှင့် သင်ရိုးအထောက်အကူပြု ပြခန်းများကို ကြည့်ရှုအားပေးကြကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger