www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

စီးပွားရေး ပညာနှင့် စီးပွား စီမံ ဘာသာရပ်ဖြင့် အဝေးသင် တက်ရောက်မည့် သူများ တက္ကသိုလ် သုံးခု၌သာ တက်ရောက်ရမည်

စီးပွားရေး ပညာနှင့် စီးပွား စီမံ ဘာသာရပ်ဖြင့် အဝေးသင် တက်ရောက်မည့် သူများ တက္ကသိုလ် သုံးခု၌သာ တက် ရောက် ရမည်
-
ရန်ကုန်  ဒီဇင်ဘာ   ၂၆  
-
စီးပွားရေး ပညာနှင့် စီးပွားစီမံ ဘာသာရပ် အဝေးသင် ပထမနှစ် သင်တန်းများကို ယခင်ကကဲ့သို့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် တို့ရှိ အဝေးသင် တက္ကသိုလ်ဌာနခွဲများ၌   တက်ရောက် ရမည်မဟုတ်ဘဲ ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာမြို့တို့ရှိ   စီးပွားရေး တက္ကသိုလ်များ၌သာ ပြောင်းရွှေ့ တက်ရောက်ရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူး ချုပ် ဒေါက်တာ သိန်းဝင်းထံမှ သိရသည်။ 
-
ယမန်နှစ်အထိ ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့်  မန္တလေးအဝေးသင် တက္ကသိုလ် အောက်၌  အဝေးသင်ဌာနခွဲ ဖွင့်လှစ် ထားသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် ၃၆ ခုရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်ဟူ၍ အထူးပြု ဘာသာ ရပ် ၁၅ခုကို ယင်းတက္ကသိုလ်များ၌ တက် ရောက်နိုင်သည်။ 
-
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့်  ရခိုင်ပြည်နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်စီးပွား ရေးတက္ကသိုလ်၌  တက်ရောက် ရမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကယားပြည်နယ်နှင့်   ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)မှ ကျောင်းသား၊  ကျောင်းသူများသည်   မိတ္ထီလာ စီးပွားရေး တက္ကသိုလ်၌  တက်ရောက် ရမည် ဖြစ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး၊  ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ  ကျောင်း သား၊  ကျောင်းသူများသည်  မုံရွာစီးပွားရေးတက္ကသိုလ်၌ တက်ရောက်ရမည်ဖြစ်သည်။ 
-
အဝေးသင်စီးပွားရေး ပညာ ဘာသာရပ်အတွက် ဝင်ခွင့်ရသူများ စာရင်းကို ဒီဇင်ဘာ ၁၈ရက်က ကြေညာရာ ရန်ကုန် စီးပွားရေး တက္ကသိုလ်၏ စီးပွားစီမံဘာသာရပ်အတွက် ၃၆၇ဦး ဝင်ခွင့်ရရှိပြီး ဝင်ခွင့်အမှတ်အနည်း ဆုံးမှာ တက္ကသိုလ်ဝင် စာမေးပွဲရမှတ် စုစု ပေါင်း ၃၅ဝ ဖြစ်ပြီး အမြင့်ဆုံးမှာ  ၅ဝ၂ မှတ်ဖြစ်ကြောင်း၊ စီးပွားရေးပညာ ဘာသာရပ်အတွက် အနိမ့် ဆုံး ရမှတ် ၃၅ဝ၊ အမြင့်ဆုံး ရမှတ် ၃၆၉ မှတ်ဖြစ်ပြီး ၇၁၉ ဦးဝင်ခွင့်ရကြောင်း သိရသည်။ 
-
မိတ္ထီလာစီးပွားရေး တက္ကသိုလ်၏ စီးပွား စီမံဘာသာရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့်ဆုံးရမှတ်  ၄၈၆  မှတ် ဖြစ် ကာ ၁၄၃ ဦးဝင်ခွင့်ရရှိကြောင်း၊ စီးပွားရေးဘာသာ ရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့် ဆုံးရမှတ် ၄၅၄ မှတ်ဖြစ်ပြီး ၇၇ဝ ဦးဝင်ခွင့် ရရှိကြောင်း သိရသည်။ မုံရွာစီးပွားရေး တက္ကသိုလ်၏  စီးပွားစီမံ ဘာသာရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့်ဆုံးရမှတ် ၄၂၇ မှတ်ဖြစ်ကာ ၇၂  ဦး ဝင်ခွင့်ရရှိကြောင်း၊ စီးပွားရေးပညာ ဘာသာ ရပ်အတွက် အနိမ့်ဆုံးရမှတ် ၃၅ဝ၊ အမြင့်ဆုံး ရမှတ် ၄၅၉ မှတ်ဖြစ် ပြီး ၆ဝ၆ ဦး ဝင်ခွင့်ရကြောင်းသိရသည်။               
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger