www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ တက်ရောက်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ တက်ရောက်
-
နေပြည်တော်   ဒီဇင်ဘာ  ၂၅ 
-
ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ   မန်းဝင်းခိုင်သန်း၏ နေအိမ်၌ ကျင်းပရာ  နိုင်ငံတော် သမ္မတ  ဦးဝင်းမြင့် တက်ရောက်သည်။ 
-
မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော် သမ္မတဟောင်း   ဦးထင်ကျော် နှင့်ဇနီး  ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊  ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သိက္ခာတော်ရ ဆရာတော်များနှင့်   အထူးဖိတ်ကြားထားသောဧည့်သည်တော်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  မန်းဝင်းခိုင်သန်း နှင့်ဇနီး  ဒေါ်နန့်ကြင် ကြည်နှင့် မိသားစုကကြိုဆိုနှုတ်ဆက်ကြပြီး ခရစ္စမတ်နှုတ်ခွန်းဆက် စကားများ ပြောကြားကာ ဆုမွန်ကောင်းများ တောင်း ပေးကြသည်။ 
-
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်  မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသူများသည်  ခရစ်တော်မွေးနေ့ မိတ်သဟာယ နံနက်စာကို အတူတကွ သုံးဆောင်သည်။ မိတ်ဆုံစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ  နှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်သည်။ 
-
နံနက် ၇ နာရီတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေအိမ်၌ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆု တောင်းခြင်း နှင့်ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားတွင်  သိက္ခာတော်ရ ဆရာတော်များကဂုဏ်တော်ချီးမွမ်းခြင်း၊  ဆုတောင်း မေတ္တာပို့သခြင်း၊ သမ္မာကျမ်းစာဖတ် ကြားခြင်း၊ ခရစ္စမတ်ဒေသနာတော် ဟောကြားခြင်းနှင့် စုပေါင်း၍ ဓမ္မ တေးများ သီဆိုချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger