www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

အိန္ဒိယ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ပြန်လည် ထွက်ခွာ

အိန္ဒိယ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ပြန်လည် ထွက်ခွာ
-
နေပြည်တော် ဒီဇင်ဘာ ၂၅
-
မြန်မာတပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာ စေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများလေ့လာရန်အတွက်  မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်ခဲ့သော အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိများနှင့်ဇနီးများ ပါဝင်သော အိန္ဒိယတပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ  အိန္ဒိယနိုင်ငံသို့  လေကြောင်းခရီးဖြင့် ထွက်ခွာ ကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံ စစ်သံမှူး Colonel Naveen Mahajan တို့က လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။  
-
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတ သန္တိစေတီတော်၊ သတ္တသတ္တာဟစေတီတော်နှင့် မဟာသကျရံသီဘုရားများသို့ သွားရောက် ဖူးမြော်ပြီး  အလှူငွေများလှူဒါန်းခြင်း၊ သူရဲကောင်း ဗိမာန်၊ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်များသို့ သွားရောက် ကြည့်ရှု လေ့လာခြင်းများ ဆော်ကြသည်။
-
ထို့ပြင် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် အဆိုပါချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၊ တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်ကဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြ ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger