
-
နေပြည်တော် ဒီဇင်ဘာ ၁ဝ
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် နားယုတ်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာနှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ စုပုံထားသည့် တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၂၁၃ လုံး(စုစုပေါင်း တန် ၄ဝ ခန့်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
-

-
အဆိုပါတရားမဝင် သစ်များအား မဘိမ်း မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment