www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 12, 2018

အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ၏ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ် နေပြည်တော် အတွင်း ကြည့်ရှု့လေ့လာ

အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ၏ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ်  နေပြည်တော် အတွင်း ကြည့်ရှု့လေ့လာ
-
နေပြည်တော်    ဒီဇင်ဘာ    ၁၁ 
-
အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်၏ ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့ကျောက် မျက်ရတနာပြတိုက် အတွင်း  ခင်းကျင်းပြသထားသည့် ရတနာပစ္စည်း ပြခန်းများနှင့် ကျောက်မျက်ရတနာဈေး တို့ကို ကြည့်ရှုလေ့လာရာ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ 
-
ဆက်လက်၍  အိန္ဒိယသမ္မတနိုင်ငံ သမ္မတ၏ ဇနီးနှင့် အဖွဲ့သည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ   ဂေါပကအဖွဲ့ဝင်များက   လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ၏ ဇနီးနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား  ပန်း၊  ရေချမ်းများ ကပ်လှူ ပူဇော်ကြကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger