www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု ပြန်လည် ခွင့်ပြုပေးသည့်အတွက် ပြည်ပအလုပ်အကိုင် ရှာဖွေမှု ပိုမို များပြားလာ

-
ရန်ကုန်  နိုဝင်ဘာ  ၅ 
-
မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု  ပြန်လည်ခွင့်ပြုပေးသည့် အတွက် ပြည်ပအလုပ်အကိုင် ရှာဖွေမှု   ပိုမိုများပြားလာကြောင်း  ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။
-
မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုကို  ယမန်နှစ်ကပိတ်ထားခဲ့ပြီး ယခုမှ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း၊လက်ရှိတွင်   ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး တိုးတက်လာသည့်အပြင်  ပြည်တွင်းထက် ပြည်ပ အလုပ်အကိုင် ရှာဖွေမှု ပိုမိုမြင့်တက်လျက်ရှိပြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်းအလုပ်အကိုင် ရှာဖွေသူ ၁၆ဝဝဝဝ ကျော်ရှိကာ ပြည်ပအလုပ်အကိုင်ရှာဖွေသူ ၁၈ဝဝဝဝ ကျော်ရှိနေကြောင်း၊ ယမန်နှစ်ကာလတူက ပြည်တွင်းအလုပ်အကိုင် ရှာဖွေသူ ၁၃ဝဝဝဝ ကျော်ရှိခဲ့ပြီး ပြည်ပအလုပ်အကိုင် ရှာဖွေသူ ၁၂ဝဝဝဝ ကျော်ရှိခဲ့ကြောင်း သိရသည်။
-
''မလေးရှားနိုင်ငံက တခြားနိုင်ငံတွေထက် ကုန်ကျစရိတ်နည်းတော့ အလုပ်သွားလုပ်ချင်တဲ့သူ များပါတယ်။မနှစ်က  ပိတ်ထားခဲ့တော့ ပြည်တွင်းအလုပ်အကိုင်သာ ရှာဖွေပေးရမှုများခဲ့တယ်။ အခုပြန်ခွင့်ပြုလိုက်တော့ မလေးရှားနိုင်ငံ က  အလုပ်အကိုင်တွေကို ချိတ်ဆက်ပေးရမှု များလာတယ်။ နောက်ပြီး ဝင်ငွေကောင်းတဲ့ ဂျပန်နိုင်ငံကလည်း အလုပ်ခေါ်တာတွေ များလာတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရေလုပ်ငန်းတွေကလည်း အလုပ်သမား သောင်းချီခေါ်ယူထားတယ်။ ဒါတွေကြောင့် ပြည်ပအလုပ်အကိုင် ရှာဖွေမှု များပြားလာတာ ဖြစ်နိုင်ပါတယ်။  ပြည်တွင်းက အလုပ်သမားတွေကလည်း ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်လိုမှု များပြားပါတယ်။ လာစုံစမ်းတာတွေ များလာတယ်'' ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် ဦးသန်းထွန်း ကပြောသည်။
-
မြန်မာနိုင်ငံမှ  အလုပ်သမားများ  သွားရောက်လုပ်ကိုင်မှု များပြားသော ပြည်ပနိုင်ငံများမှာ  မလေးရှားနှင့်  ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း၊  လက်ရှိတွင်လည်း   အလုပ်သမားအများအပြား ခေါ်ယူထားပြီး ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာကြောင်း၊ ပြည်တွင်းအလုပ်အကိုင် အခြေအနေတွင် ယခုနှစ် နှစ်လယ်ပိုင်းက အလုပ်သမားခေါ်ယူမှု များပြားခဲ့သော်လည်း ဒေါ်လာငွေလဲနှုန်း မြင့်တက်ပြီးနောက် လုပ်ငန်းများ တိုးချဲ့မှု နည်းပါးသဖြင့် ပြည်တွင်းအလုပ်သမား ခေါ်ယူမှုလျော့နည်းခဲ့ကြောင်း သိရသည်။
-
#မြ၀တီသတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger