-
ရန်ကုန် နိုဝင်ဘာ ၅
-
အဂတိတိုက်ဖျက်ရေးလုပ်ငန်း မဟာဗျူဟာစီမံချက်ကို ၂ဝ၁၈ ခုနှစ်မှစ၍ ၂ဝ၂၁ ခုနှစ်အထိ လုပ်ငန်းဧရိယာငါးခု ဖြင့် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ဦးသန့်ဇော်ထံမှ သိရသည်။
-
အကောင်အထည်ဖော်ရာတွင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း လုပ်ငန်း တို့ကို ထိရောက်ခိုင်မာစေမည့် အခြေခံကောင်းများ တည်ဆောက်ခြင်း၊ ကိုယ်ကျင့်သိက္ခာနှင့် ပညာရပ် ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ နိုင်ငံပိုင်ဘဏ္ဍာ ရန်ပုံငွေ ပစ္စည်းများနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ထိရောက်စွာ အကာအကွယ်ပေးခြင်းနှင့် အဂတိလိုက်စား မှုကင်းရှင်းသော စီးပွားရေးနယ်ပယ်ဖြစ်ပေါ်လာခြင်း စသည့်လုပ်ငန်း ဧရိယာများကို အကောင်အထည်ဖော် ဆောင် ရွက် မည် ဖြစ်ကြောင်း သိရသည်။
-
အဂတိလိုက်စားမှုသည် တိုင်းပြည်တစ်ပြည်အတွက် အခြေခံကျသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် အဖွဲ့အစည်းမူဘောင် ဆိုင်ရာ အားနည်းချို့ယွင်းချက်များနှင့် အပေါ်ယံ လက္ခဏာများဖြစ်ပြီး ယင်းအပေါ်ယံလက္ခဏာ များအတွက် အောက်ခံအကြောင်း တရားများ ကို ကိုင်တွယ်ဖြေရှင်းမှသာ ထိရောက်သောအဂတိ လိုက်စားမှု တိုက်ဖျက်ရေး အစီ အစဉ် တစ်ရပ် ရေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်
-
ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှု၊ ဗျူရို ကရေစီကြိုးနီစနစ်အားနည်းသည့် ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့်ဖွဲ့ စည်းပုံ မူဘောင်ဆိုင်ရာ အားနည်းချက်များသည် အဂတိ လိုက်စားမှုနှင့် အပြန်အလှန်အကျိုးပြုနေကြသဖြင့် အဖွဲ့အစည်း မူဘောင်ဆိုင်ရာ အားနည်းချက် များအား ကုစားပြုပြင်ပြောင်းလဲမှသာ အဂတိလိုက်စားမှုကို ထိန်းချုပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment