www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 9, 2018

ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၊ သုံးဘီးယာဉ်များ၊ ဆေးရုံသုံးပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း -

ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၊ သုံးဘီးယာဉ်များ၊ ဆေးရုံသုံးပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
-
နေပြည်တော်  နိုဝင်ဘာ  ၈
-
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသည့် သုံးဘီးယာဉ်လေးစီး၊ မြို့နယ်ပြည်သူ့ ဆေးရုံအတွက် လိုအပ်လျက်ရှိသော   Digital Ultrasonic Dignostic Imaging System တစ်လုံး၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ သုတစာအုပ်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
-
-
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသအား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
 (၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger