www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

ဆန်းသစ်သည့် လက်ရာမြောက်ဝါး အနုပညာပစ္စည်းများကို စိတ်ဝင်စားမှုများပြားလာ

ဆန်းသစ်သည့် လက်ရာမြောက်ဝါး အနုပညာပစ္စည်းများကို စိတ်ဝင်စားမှုများပြားလာ
-
မန္တလေး နိုဝင်ဘာ ၂၅ 
-
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက် လောက မဏိစူဠာ ဘုရားကြီးအရှေ့ဘက်ရှိ ဘိုးသိကြားမင်း အနုပညာ ဖန်တီးမှုလုပ်ငန်းမှ တွင်ကျယ်စွာ ပြုလုပ် ရောင်းချလျက်ရှိသော တီထွင်ဆန်းသစ်သည့် လက်ရာမြောက် ဝါးပန်းချီများနှင့် ဝါးအနုပညာ ပစ္စည်းမျိုးစုံကို စိတ်ဝင်တစား ဝယ်ယူသူ များပြားလာကြောင်း သိရသည်။
-
အဆိုပါ ဝါးပန်းချီများနှင့် ဝါးလက်ကောက်များ ဖန်တီးရာတွင် နိုင်ငံတကာစံချိန်မီ ဝါးပေါင်းခံ သည့် နည်းစနစ်ကို အသုံးပြုကာ တာရှည်ခံစေရန် စီမံပြုလုပ်ပြီး ဝါးအချောထည်ကို ပန်းချီ အနုပညာများဖြင့် ပေါင်းစပ်ပြုလုပ်ထားသည်။
-
ဝါးပန်းချီများမှာ နံရံတွင်ကပ်ကာ အလှဆင်ခြင်း၊ စားပွဲများပေါ်တွင်တင်ကာ အလှထားခြင်းများ ပြုလုပ်နိုင်သည်အထိ အထူးပြုလုပ်ထားပြီး ဝါးလက်ကောက်များကို လက်ရာမြောက်ဘူး ကလေးများဖြင့် ပြုလုပ်ထားသည်။
-
ဝါးပန်းချီများ ဖန်တီးရာတွင် ပုံတူပန်းချီကားများနှင့်အတူ မန္တလေးမြို့ ပုံရိပ်များပါသော ဝါးပန်းချီများ၊ သမိုင်းဝင် စေတီပုထိုးများနှင့် နာမည်ကျော် အလှရှုခင်းများကို မှာယူသူ စိတ်ကြိုက် ရေးဆွဲရောင်းချ လျက်ရှိသည်။
-
ဝါးပန်းချီကား တစ်ကားလျှင် ငွေကျပ် တစ်သောင်းမှ နှစ်သောင်းအထိရှိပြီး လက်ရာမြောက် ဝါးလက်ကောက်နှင့် ဝါးဖန်စီပစ္စည်းများကို စနစ်တကျ သိမ်းဆည်းနိုင်ရန် အနုပညာ လက်ရာ မြောက်ဘူးငယ်ကလေးများဖြင့် တွဲဖက်ရောင်းချကာ ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရန် တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။
-
နွေနဒီ၊ မြစ်ငယ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger